No. 131/133, 3rd Floor, Bo Ta Htaung Pogoda Road, 5th Ward, Bo Ta Htaung Township, Yangon 11162 info@uphoephyu.com
+95 (9) 960 278 100

iPleader For Online Legal Service

iPleader For Online Legal Service
04 Aug

iPleader For Online Legal Service

၂၀၁၇ ခုနှစ် ကုမ္ပဏီများဥပဒေအရ ကုမ္ပဏီများ ပြန်လည် မှတ်ပုံတင်ရန် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ယနေ့တွင် online နည်းစနစ်ဖြင့် စတင်ဆောင်ရွက်နေပါပြီ။ ကုမ္ပဏီများအနေဖြင့် ကုမ္ပဏီဥပဒေအရ မဖြစ်မနေ မှတ်ပုံတင်ရတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် ဖိုးဖြူနှင့် ရောင်းရင်းများ ဥပဒေအတိုင်ပင်ခံလုပ်ငန်းအဖွဲ့မှ “တရားဝင် ခိုင်မာမှု ပထမ၊ ကြီးပွားချမ်းသာမှု ဒုတိယ” ဟူသော ဆောင်ပုဒ်နှင့်အညီ တရားဥပဒေ၏ အကာကွယ်ကို အမိအရ ဆုပ်ကိုင်နိုင်ရန်အတွက် ကုမ္ပဏီများ ပြန်လည် မှတ်ပုံတင်ကြဖို့ တိုက်တွန်းအပ်ပါတယ်။ ဒါပေမယ့်လည်း မှတ်ပုံတင်ရမဲ့ Websiteက ဘာဖြစ်တယ်မှန်းမသိ။ ကြန့်ကြာမှုတွေတော့ ရှိပါတယ်။ စိတ်ရှည်ရှည်နဲ့ ဆောင်ရွက်ဖို့တော့လိုပါတယ်။ လိုအပ်သော အချက်အလက်များမှာ -
- ကုမ္ပဏီ မှတ်ပုံတင်အမှတ်နှင့် ခုနှစ်
- ကုမ္ပဏီအမျိုးအစား ( ပြည်တွင်း(အများ/ပုဂ္ဂလိ)/ နိုင်ငံခြား / ဖက်စပ်/ နိုင်ငံခြားရုံးခွဲ/ အသင်း)
- ကုမ္ပဏီရုံးလိပ်စာ
- မှတ်ပုံတင်သွင်းသူ ဒါရိုက်တာ/ မန်နေဂျာ နာမည်
- ဖုန်းနံပါတ်
- အခြားသက်ဆိုင်သော ကုမ္ပဏီ၏စာရွက်စာတမ်းများ
အဲဒီတော့ ဖိုးဖြူနှင့် ရောင်းရင်းများ ဥပဒေအတိုင်ပင်ခံလုပ်ငန်းအဖွဲ့မှ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ အတွက် iPleader အမည်ဖြင့် Online Legal Service လုပ်ငန်းကို တိုးချဲ့ပြီး Online မှ အခမဲ့တိုင်ပင် ဆွေးနွေးပေးလျှက်ရှိပါတယ်။ ဒါ့အပြင် ကုမ္ပဏီ မှတ်ပုံတင်ဖို့ ကူညီဆောင်ရွက် ပေးနေပြီဖြစ်ကြောင်း မိတ်ဆွေတို့ကို အသိပေး တင်ပြအပ်ပါတယ်။

ကျေးဇူးတင်စွာဖြင့်
ဖိုးဖြူနှင့် ရောင်းရင်းများ ဥပဒေအတိုင်ပင်ခံလုပ်ငန်း
ခင်ဗျားတို့ရဲ့ စီးပွားဘက် မိတ်ကောင်းဆွေကောင်း ဖြစ်ပါရစေ။