No. 131/133, 3rd Floor, Bo Ta Htaung Pogoda Road, 5th Ward, Bo Ta Htaung Township, Yangon 11162 info@uphoephyu.com
+95 (9) 960 278 100

မိမိလုပ်ငန်းခိုင်မာဖို့အတွက် မှန်ကန်တဲ့ ရှေ့နေ ရရှိဖို့ရာ

မိမိလုပ်ငန်းခိုင်မာဖို့အတွက် မှန်ကန်တဲ့ ရှေ့နေ ရရှိဖို့ရာ
23 Jul

မိမိလုပ်ငန်းခိုင်မာဖို့အတွက် မှန်ကန်တဲ့ ရှေ့နေ ရရှိဖို့ရာ

စလုပ်တုန်းကတော့ အသေးစားလုပ်ငန်းလေးပါပဲ ဒါပေမယ့် ကြီးထွားလာတဲ့ အချိန်မှာတော့ အရာရာဟာ ပေါ့သေးသေး မဟုတ်တော့ပါဘူး။ အသေးစားလုပ်ငန်းလေးကနေ ရှယ်ယာတွေစုပြီး လုပ်ငန်းကြီးဖြစ်အောင် ကူးပြောင်းတဲ့အချိန်မှာ ကိုယ့်အခြေအနေ ကိုယ့်ရပိုင်ခွင့် ပိုင်ဆိုင်ခွင့်တွေကို သေချာခိုင်မာအောင် လုပ်ထားဖို့လိုပါလိမ့်မယ်။ ဒါကြောင့် ဘယ်လို ရှေ့နေမျိုးဆီကနေ ဘယ်လိုအကြံဉာဏ်၊ အဆုံးအဖြတ်တွေယူသင့်တယ်ဆိုတာ သိထားဖို့လိုပါတယ်။

အခုမှ စလုပ်မယ့်သူတွေအတွက် လုပ်ငန်းအသစ်တွေဆိုတာ ကျယ်ပြန့်လွန်းတာကြောင့် ဥပဒေနဲ့ ပတ်သတ်တဲ့ အကြံဉာဏ်တွေကို မဖြစ်မနေ ယူထားရမှာပါ။ အဲ့တာမှ မိတ်ဆွေရဲ့ လုပ်ငန်းက တစ်ဦးတည်းပိုင် (သို့) ကော်ပိုရေးရှင်းနဲ့ ဘယ်လို ကော်ပိုရေးရှင်း ပုံစံထဲမှာ ပါဝင်လဲ သိနိုင်မှာပါ။ ဒါမှလည်း စပ်တူလုပ်ငန်း သဘောတူညီချက်၊ ငှားရမ်းညှိနှိုင်းခွင့်နဲ့ လုပ်ငန်း ခွဲခြားသတ်မှတ်ခြင်း စတာတွေကို ပြတ်သား ပေါ်လွင်စေလာပါလိမ့်မယ်။

ပထမဆုံးအနေနဲ့ မိတ်ဆွေရဲ့ လုပ်ငန်းအတွက် တာဝန်ယူမှုဆိုင်ရာ ကိစ္စရပ်အမျိုးမျိုးကို သိထားဖို့လည်း လိုပါသေးတယ်။ ဥပမာ မိတ်ဆွေက မော်တော်ယာဉ်ပစ္စည်း (သို့) ပစ္စည်းကိရိယာ ငှားရမ်းခြင်း စတာတွေကိုလုပ်တယ်။ မိတ်ဆွေမှာ အလုပ်သမားတွေလည်း ရှိနေပြီ။ ဒါဆိုရင် မိတ်ဆွေအနေနဲ့ ဆေးဘက်ဆိုင်ရာ အာမခံ၊ အလုပ်သမားလျော်ကြေးငွေ အာမခံ၊ တာဝန်ယူမှု ပြဿနာတွေနဲ့ လုပ်ငန်း အလုပ်သမားဆိုင်ရာ မေးခွန်းတွေနဲ့ပတ်သတ်ပြီး ဥပဒေရေးရာ အကြံဉာဏ်တွေကို သိထားသင့်ပါတယ်။ ဒါ့အပြင် လုပ်ငန်းနဲ့ ပတ်သတ်တဲ့ အရောင်းအဝယ် စာချုပ်ချုပ်ခြင်းတွေအပြင် လုပ်ငန်း အမှတ်တံဆိပ်၊ ဝန်ဆောင်မှု အမှတ်တံဆိပ် မူပိုင်ခွင့် ပြုလုပ်ခြင်းတွေမှာလည်း ဥပဒေရေးရာ ဆုံးဖြတ်ချက်တွေ လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မိတ်ဆွေရဲ့ လုပ်ငန်းနာမည်ရလာတဲ့အချိန်မှာ အခြားသူတွေက လုပ်ငန်းကို တုပလာမယ် ၊ လုပ်ငန်းအမှတ်တံဆိပ်ကို အသုံးပြုပြီး အလွဲသုံးစားပြုလာမယ်၊ ဒီလိုမျိုးတွေ ကြုံလာရင် သင့်အနေနဲ့ တရားခွင်မှာ ရင်ဆိုင်ရကိန်းတွေ ရှိလာနိုင်ပါတယ်။ အဲ့အချိန် မိတ်ဆွေတို့ဘက်က ခိုင်မာမှုရှိမှ လာမယ့်ဘေး ပြေးတွေ့လို့ အဆင်ပြေပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ရင်တော့ ကိုယ့်လုပ်ငန်းကို သမာအာဇီဝကျကျလုပ်ပြီး သူများကို လုပ်ကျွေးနေသလိုပါပဲ။

စီးပွားရေး လုပ်ငန်းတစ်ခု ကျယ်ပြန့် အောင်မြင်လာဖို့အတွက် ရှေ့နေတစ်ဦးရဲ့ အကြံပေးချက်တွေက အဆင်ပြေနိုင်ရဲ့လား??

သေးငယ်တဲ့ စီးပွားရေးလုပ်ငန်းတွေ အထူးပြုတဲ့ အကြံပေးရှေ့နေ အများအပြားရှိပါတယ်။ ဥပမာအနေနဲ့ အထွေထွေ ရောဂါကုသမားတော်တစ်ယောက်ဟာ သူ့မှာ ပြည့်စုံတဲ့ General Knowledge ရှိရပါတယ်။ ရောဂါ ခန့်မှန်းတဲ့နေရာမှာလည်း တော်မှရမယ်။ အဲ့တာဆိုရင်တော့ ဘယ်လိုလူနာမျိုးပဲလာလာ ဘာရောဂါဖြစ်နေလဲဆိုတာ အလွယ်တကူသိနိုင်ပြီလေ။ ဒါမှလည်း ဘယ်လိုနေထိုင်ရမယ် ဘယ်လိုစားသောက်ရမယ် ဘယ်လိုအထူးကုတွေနဲ့ ဆက်သွယ်သင့်တယ် စတာတွေ အကြံပေးနိုင်မှာပါ။ အလွယ်ပြောရမယ်ဆို စီးပွားရေးလုပ်ငန်းရှင်တွေကို လူနာလို့ သတ်မှတ်ပြီး ရှေ့နေတွေကို ဆရာဝန်နေရာမှာ ထားလိုက်မယ်၊ လူနာဆိုတာ နေမကောင်းရင် ဆရာဝန်ဆီသွားကြမှာပဲ ဆရာဝန်ကလည်း ဘာဆေးသောက်ရမယ် ဘယ်လိုနေထိုင်ရမယ် ဆိုပြီး ညွှန်းပေးကြမယ်။ တချို့ လူနာတွေကတော့ ရောဂါမဖြစ်ခင်တည်းက ကာကွယ်ဖို့အတွက် ဆရာဝန်နဲ့တိုင်ပင်ပြီး ကြိုတင်ကာကွယ်ကြတယ်၊ ဒီတော့ ရောဂါဖြစ်ခြင်းကနေ ရှောင်ရှားပြီးသား သဘောမျိုး ဖြစ်သွားတာပေါ့။ ဒီလိုပါပဲ ကိုယ့်လုပ်ငန်းကို အကြံဉာဏ်ပေးမယ့် ကိုယ်စားလှယ် ရှေ့နေတစ်ယောက်ကလည်း အတွေ့အကြုံရှိပြီးGeneral Knowledge ပြည့်စုံနေဖို့လိုပါတယ်။ အတွေ့အကြုံရှိမှလည်း အခြေအနေတွေ ရှုပ်ထွေးနေသည့်တိုင်အောင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ပေးနိုင်မှာပါ။

အတွေ့အကြုံရှိတဲ့ ရှေ့နေကောင်းတစ်ယောက်ကို ရှာဖို့အတွက် ရှည်ရှည်ဝေးဝေး စဉ်းစားနေစရာ မလိုပါဘူး။

အကောင်းဆုံးကတော့ မိတ်ဆွေရဲ့ အသိတွေထဲမှာ ကိုယ်ပိုင်လုပ်ငန်း လုပ်နေတဲ့သူက ညွှန်းပေးတဲ့သူကို ရွှေးတာ ပိုကောင်းပါတယ်။ နောက်တစ်ခုကတော့ ရှေ့နေတွေနဲ့ အဆက်အသွယ် အမြဲရှိနေသူတွေဖြစ်တဲ့ စာရင်းကိုင်၊ ဘဏ်လုပ်သား၊ အာမခံလုပ်တဲ့သူ စတဲ့သူတွေဆီကနေလည်း မှန်ကန်တဲ့ ရှေ့နေတစ်ယောက်ကို ရှာတွေ့နိုင်ပါတယ်။ ဒါအပြင် Social Media တွေမှာလည်း လူအများရဲ့ ထောက်ခံမှုကိုရရှိထားတဲ့ ရှေ့နေလုပ်ငန်းရှင်တွေကို အလွယ်တကူ ရှာတွေ့နိုင်ပါတယ်။

လေးစားစွာဖြင့်.....

ကျွန်တော်တို့ ဖိုးဖြူနှင့်ရောင်းရင်းများ ဥပဒေအတိုင်ပင်ခံ လုပ်ငန်းမှာလည်း မိတ်ဆွေတို့ စီးပွားရေး လုပ်ငန်းများအတွက် ဥပဒေအရ အကျိုးခံစားခွင့် ရရှိစေဖို့၊ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ရဖို့၊ တန်းတူ စီးပွားရှာခွင့်ရဖို့ တာဝန်ယူ အကျိုးဆောင်လျှက်ရှိပါတယ်။

Website - https://www.uphoephyu.com
eMail - info@uphoephyu.com
Mobile - 09 960 278100